မြို့သစ် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်ပြပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက ကျောင်းသား/ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး၏ သမိုင်းကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်ကြိုးပမ်းဆောင်ရွက်မှုများကို အသိပညာပေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအားပြသခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)