မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်

မင်းဘူး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့ အမှတ်(၄) သစ်ချိုကုန်းရပ်ကွက် ၁၆ လမ်းတွင် ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှ တာဝန်ခံ အင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မြို့နယ်အတွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှတ်()သစ်ချိုကုန်းရပ်ကွက် ၁၆ လမ်းမှ ရေနုတ်မြောင်းအား တူးဖော်ကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်အတွင်းမှ ရေဆိုး၊ ရေညစ်များ၊ ရေပိုရေလျှံများနှင့် မိုးရေများဟာ  မြောင်းမကြီးမှတဆင့်  ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသွားမည်ဖြစ်၍ ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်သွားမည်ဖြစ်၍ ရပ်ကွက်နေပြည်သူများအတွက် အကျိုးရှိ‌သောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှတာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာ(ဒေါ်မေဇင်ဦးထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)