ရွှေပြည်သာမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ

ရွှေပြည်သာ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့် အညီ ၊‌ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင် ထားရှိသည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ‌တိုက်ရိုက် ထိတွေ့ ဆွေးနွေးခွင့်ရရှိစေရန်ရည်ရွယ်၍  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲ‌ဆွေလှိုင်က အဖွင့် အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းထူးကသဘာဝ ဘေးအန္တရာယ်ဖြစ်‌ပေါ်စေသည့် အကြောင်းအရင်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစောသန့်ဇင်ဦးက သဘာဝဘေးအန္တရာယ် ကြုံတွေလာပါက ကြိုတင်ပြင်ဆင်‌ ဆောင်ရွက်ထားရှိမှုများ၊မြို့ နယ်မီးသတ်ဦးစီးမှူးဦးမိုးသီဟ‌ဇော်ကသဘာဝ‌ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တ‌ပြေးညီဆောင်ရွက်နိုင်အောင်ကြိုတင်ပြင်ဆင်‌ ဆောင်ရွက်ထားမှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများ၊ မြို့နယ်ကြက်‌ခြေနီအသင်းခွဲဥက္ကဋ္ဌ‌ ဒေါ်ဝင်းပပမျိုးက သဘဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှု၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းဖြင့် ကယ်ဆယ်ရေး‌ လုပ်ငန်းများတွင်‌‌ ဆောင်ရွက်နိုင်မှုတို့ ဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများ ၊ကျောင်းသား/သူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာများက  ပြန်လည်ရှင်းလင်း ဖြေကြားမှုအပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များကကယ်ဆယ်‌ရေးပစ္စည်းများအား လက်တွေ့ သရုပ်ပြသ ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)