ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌‌ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်တံတား မေ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ လမ်း(၄၀)ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်း၍  ကာကွယ်ဆေးထိုးနှံပေးရာ Covishield First Dose ထိုးနှံသူ(၂၆)ဦး၊ Covishield Second Dose ထိုးနှံသူ(၂)ဦး၊ Covaxin First Dose ထိုးနှံသူ(၃၆)ဦး၊ Covishield Booster Dose ထိုးနှံသူ (၁၂၆)ဦးနှင့် Covaxin Booster Dose ထိုးနှံသူ(၄)ဦး စုစုပေါင်း (၁၉၄)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သောပြဿနာများမဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)