ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပန်းချီ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊  စိတ်ကူးဉာဏ်ရင့်သန်စေရန်နှင့် ပန်းချီရေးဆွဲခြင်းဖြင့် အလှအပကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးမှ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပညာရှင် ဦးစိုးမြင့်ဒွဏ်းမှ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပန်းချီသင်တန်းကို မေလ(၂၃)ရက်နေ့မှ မေလ(၂၇)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ် လူရွယ်လေးများအား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ် အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ၊၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခရိုင် ပြန်/ဆက်