လှိုင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်(First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၂၁)ဦးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့် အထက်ရှိသူများ ပထမအကြိမ်စုစုပေါင်း(၁၃)ဦးနှင့် ဒုတိယအကြိမ်စုစုပေါင်း(၆၈)ဦးရှိကြောင်း သိရှိရသည်။ လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)