မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ရာနှုန်ပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ မေ ၂၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက်(၉:၀၀)နာရီက မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “က” စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် Booster (Covishield) အသက် (၆၅)နှစ်နှင့်အထက် ထိုးနှံသူ (၂၄၈)ဦး၊ အသက်(၅၅)နှစ်နှင့်အထက် ထိုးနှံသူ(၁၆၅)ဦး၊ အသက်(၄၀)အထက်ထိုးနှံသူ(၁၁၃)ဦး၊ အသက်(၁၈)နှစ်နှင့်အထက်ထိုးနှံသူ(၆၆၂)ဦး စုစုပေါင်း Booster (Covishield)ထိုးနှံသူ အမျိုးသား(၃၈၁)ဦး၊ အမျိုးသမီး(၈၀၇)ဦး စုစုပေါင်း(၁၁၈၈)ဦးအား ဆေး(၁၀၈)လုံးအသုံးပြု၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ ထို့အပြင် အသက်(၁၈)နှစ်အထက်ဒုတိယအကြိမ် (Covishield) ထိုးနှံသူ အမျိုးသား(၄၂)ဦးနှင့် အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း(၈၈)ဦးအား ဆေး(၈)လုံးအသုံးပြု၍လည်းကောင်း၊ အသက်၁၈နှစ်နှင့်အထက် ပထမအကြိမ် (Covishield) ထိုးနှံသူကျား(၃၄)ဦး၊ မ(၄၃)ဦး စုစုပေါင်း(၇၇)တို့အား ဆေး(၇)လုံးအသုံးပြု၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)