သတင်းများ

မာန်အောင်မြို့နယ်၌ သွေးလွန်တုတ်ကွေး မဖြစ်ပွားစေရေးအတွက် ဖုန်း၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများ ဆောင်ရွက်
May 16,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သွေးလွန်တုတ်ကွေး မဖြစ်ပွားစေရေးအတွက် ခြင်၊ လောက်လန်းများ မပေါက်ပွားစေရန် ဖုန်း၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်အတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
May 16,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များ နှင့်အညီ စနစ်တကျစတင် ထုတ်ချေးပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
May 16,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပန်းတောပြင်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်
May 16,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပန်းချီ‌ရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး
May 16,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယနေ့နံနက်က သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင် ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သက်မွေးပညာရပ်ဆိုင်ရာသင်တန်းများဖွင့်လှစ်
May 16,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်းအမှတ်စဉ် (၁၁)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၀)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေး ဟောပြောခြင်း၊ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် စာသင်ကျောင်းများနှင့် သံသယရှိအိမ်များအား ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေး
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။