ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ချမ်းမြသာစည် မေ ၁၆

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု သင်တန်းကို တက်ရောက်သင်ကြားသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကလေးတို့အနေဖြင့် နွေရာသီကျောင်းအားလပ်ချိန်များကို တန်ဖိုးရှိစွာ အသုံးချခြင်းဖြစ်ပါကြောင်းနှင့် ပန်းချီပညာ၏ အခြေခံသဘောတရားများကိုလည်း နားလည်း တတ်ကျွမ်းကြမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဦးမျိူသူ (ရွှေသစ္စာ) က ပို့ချ‌‌ပေးမှာဖြစ်ပြီး သင်တန်းကို မေလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သူ (၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း