နတ်မောက် မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်မှ စတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များ နှင့်အညီ စနစ်တကျစတင် ထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေအား ၂၀၂၂-ခုနှစ်မေလ (၁၆)ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၁-ခုနှစ်မိုးပြေကျေစွာ ပေးဆပ်ခဲ့သည့် မိုးနံတောအုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၄၇)ဦးအား နှမ်းဧက(၃၀၃)အတွက် ချေးငွေပမာဏ ကျပ်သိန်း (၃၀၃.၀၀)သိန်းအား ထုတ်ချေးပေးလျက်ရှိသည်။ ဆက်လက်ပြီး ၂၀၂၀-မိုး၊ ၂၀၂၁-မိုး ပြေကျေစွာ ပေးဆပ်သည့် ဘဏ်အဖွဲ့ဝင် တောင်သူများအား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း