ကျောက်ဆည်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေး

ကျောက်ဆည် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့  စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် မိုးကြိုဝါစိုက်ပျိုးမည့် တောင်သူ (၄၁) ဦး၊ စိုက်ဧက (၂၃၆) ဧကအတွက် ငွေကျပ် (၂၃၆) သိန်း စတင်ထုတ်ချေးလျက်ရှိကြောင်းနှင့် လယ်သီးနှံတစ်ဧကတွင် ငွေကျပ် (၁) သိန်းခွဲနှင့် ယာသီးနှံတစ်ဧကတွင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်များ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၂၀ ခုနှစ်မိုးရာသီနှင့် ၂၀၂၁ ခုနှစ်မိုးရာသီ စိုက်ပျိုးရိတ်ချေးငွေများ အကျေပေးသွင်းပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးသွားမည်ကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးချေးများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်