သတင်းများ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
May 16,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့၊ နံနက် (၉) နာရီက ရသေ့တောင် (အထက)(၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-8) Face to Face သင်တန်းဖွင့်လှစ်
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် (Grade-8) Face to Face သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ ဆောင်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံပညာတတ်မြောက်မှုအဆင့် မြင့်မားစေရန် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲသင်ကြား နိုင်ရေးအတွက် သင်တန်းများအဆင့်ဆင့် သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်း အဆင့် အခြေခံပညာသင်ရိုးသစ် Grade- 8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Clup)နှင့် စာဖတ်ဝိုင်းကျင်းပ
May 16,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၂)စာစောင်မှစာရေးဆရာ ဒေါက်တာလွင်သန့်ရေးသားသည့် “အစားအစာနှင့် ကျန်းမာရေး” ခေါင်းစဉ် ဖြင့်စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူအသင်း(Book Club)နှင့်ကျင်းပခဲ့သည်။
မုံးထမြို့၌ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
May 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချ
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံမူလတန်း အဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန်မှ စတင်၍ မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထောပတ်သီးပင်များစိုက်ပျိုး
May 16,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် သစ်ပင်စိုက်ပျိုးရန် ထောပတ်သီးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး
May 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဘဏ်တွင် ထုတ်ချေးပေးလျက်ရှိသည်။