သတင်းများ

ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့ အ.ထ.က(ပညာရတနာ)ခန်းမ၌ ကျင်းပခဲ့သည်။
မြစ်ကြီးနာမြို့ အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့်အတူ သံဃာတော် သီလရှင် အပါး(၃၆၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
May 16,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံမွမ်းမံခြင်း၊ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း အခမ်းအနားအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာတော်၊ သီလရှင်အပါး ၃၆၀ တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 16,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းဆင့် Grade-11(သင်ရိုးသစ်)ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်
May 16,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် Grade-11(သင်ရိုးသစ်) ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဖွင့်လှစ်
May 16,2022
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း (၅/၂၀၂၂)ကို ယနေ့နံနက်(၁၀)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရီမြို့နယ်ရှိ သီရိရတနာ မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပရာ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
၂၀၂၂ခုနှစ်၊​ လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်
May 16,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့၌ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎ရေနံနှင့်သဘာဝဓာတ်‎ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ ရေနံ​မြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီ၏  ၂၀၂၂ခုနှစ်၊​လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့တွင် မြို့နယ်အဆင့် Grade -8(သင်ရိုးသစ်)သင်တန်းဖွင့်ပွဲကျင်းပ
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က (ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။