မာန်အောင်မြို့နယ်၌ သွေးလွန်တုတ်ကွေး မဖြစ်ပွားစေရေးအတွက် ဖုန်း၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများ ဆောင်ရွက်

မာန်အောင် မေ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သွေးလွန်တုတ်ကွေး မဖြစ်ပွားစေရေးအတွက် ခြင်၊ လောက်လန်းများ မပေါက်ပွားစေရန် ဖုန်း၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်အတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိခင်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်ဝင်တစ်အိမ်ထွက် ခြင်လောက်လန်းများ မပေါက်ပွားစေရန် ရေအိုးများ၊ ရေတွင်းများ၊ ပန်းအိုးများကို စစ်ဆေးပြီး ရေတွင်း ရေအိုးများတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)