ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

မောင်တော မေ ၁၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပန်းတောပြင်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ကျင်းပသည့် မြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေကြီးလွမ်းမိုးပါက ပြည်သူများအား ရေဘေးကင်းလွတ်သည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများက အသက်ကယ်လှေ၊ စက်လှေဖြင့် ကူညီရွှေ့ပြောင်းခြင်း၊ ကြိုးတန်းဖြင့် ချောင်းတစ်ဖက်သို့ဖြတ်ကူးကူညီခြင်း၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ကူညီရေးအဖွဲ့မှ ယာယီခိုလှုံမည့်နေရာအားပို့ဆောင်ခြင်း၊ လှေဖြင့်ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ရာတွင် လှိုင်းရိုက်ခတ်မှုဖြင့် လှေနစ်မှောက်သူများအား ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ဒဏ်ရရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးသူနာပြုနည်းဖြင့် ဆေးကုသပေးခြင်း၊ ဒဏ်ရာရရှိသူများထဲမှ စိုးရိမ်ရသူများအား ကရုဏာကွန်ယက်အသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့မှပြည်သူဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ကျွဲ၊ နွားတိရစာ္ဆန်များအား ရေဘေးကွင်းလွတ်ရာသို့ ပြောင်းရွှေ့ခြင်း၊ ယာယီခိုလှုံရန်ရောက်ရှိလာသူ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာအဖွဲ့မှ စာရင်းကောက်ယူခြင်း၊ လတ်တလောလိုအပ်ချက်များအား ဖြည့်စည်းပေးနိုင်ရေးဆောင်ရွက်ပေးခြင်းစသည့်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ ကရုဏာကွန်ရက်အသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်းကာ စုစုပေါင်း အင်အား ၄၀၀ ခန့်က ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး