ဒေးဒရဲ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေး ဟောပြောခြင်း၊ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် စာသင်ကျောင်းများနှင့် သံသယရှိအိမ်များအား ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် (၃)ခုရှိ အိမ်ခြေ (၅၀၀)စုအား အဖွဲ့ (၁၀)ဖွဲ့ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း