ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်း ဖွင့်လှစ် သင်ကြား
Jun 09,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရွှေဘိုမြို့ မူလတန်းကြိုကျောင်းတွင် ကလေး ငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များပြုစုစောင့်ရှောက်ရာတွင် နည်းစနှစ်မှန်ကန်စွာဖြင့် စနစ်တကျပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပြိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (ECCD) (၂၁)ရက်တာသင်တန်းအား (၂၅.၅.၂၀၂၂)ရက်နေ့မှ (၁၄.၆.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။