ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်း ဖွင့်လှစ် သင်ကြား

​ရွှေဘို ဇွန် ၉

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ​လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရွှေဘိုမြို့ မူလတန်းကြို​ကျောင်းတွင် က​​လေး ငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်​ရေးနှင့် က​​လေးသူငယ်များပြုစု​စောင့်​ရှောက်ရာတွင် နည်းစနှစ်မှန်ကန်စွာဖြင့် စနစ်တကျပြုစု​စောင့်ရှောက်နိုင်​ရေးအတွက်​ ရှေးဦးအရွယ်က​လေး သူငယ်ပြုစုပြိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုး​တိုးတက်​ရေးဆိုင်ရာ (ECCD) (၂၁)ရက်တာသင်တန်းအား (၂၅.၅.၂၀၂၂)ရက်​နေ့မှ (၁၄.၆.၂၀၂၂)ရက်​နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရသည်။   

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ၊ ဆရာမများက ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင် လုပ်ကိုင်နေကြသော သင်တန်းသူ (၃၀)ဦးအား လက်တွေ့ပုံပြင်စာအုပ်ပြုလုပ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ လက်မှုအနုပညာသင်ကြားခြင်း၊ ကလေးများနှင့်အတူလုပ်ကိုင်ခြင်း၊ ပတ်ဝန်းကျင်အခြေပြုသင်ကြားခြင်း၊ သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်း၊ မိဘရပ်ရွာပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်း၊ တစ်ပတ်စာအစီအစဉ်ရေးဆွဲခြင်း၊ ကွင်းဆင်းရန် ပြင်ဆင်းခြင်းနှင့် ကွင်းဆင်းခြင်းအပြင် လူမှုဝန်ထမ်းလုပ်ငန်းကြီး (၇)ရပ်၊ ကလေးသဘောသဘာဝ လိုအင်နှင့် လိုအပ်ချက်၊ ကလေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ သင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာများ၊ သင်ယူမှု အခြေခံအုတ်မြစ်များ၊ အကူးအ‌​ပြောင်းကာလ အရေးကြီးပုံ၊ ကစားခြင်းမှ သင်ယူခြင်း၊ တေးဂီတဖြင့် သင်ယူခြင်း၊ ကြည့်ရှုလေ့လာခြင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ခြင်း၊ ပုံပြင်ပြောကြားခြင်း နည်းလမ်းများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)