သတင်းများ

မိုးနဲမြို့နယ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိ
Jun 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက  ပြင်ဆင်ခင်းကျင်းပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်
Jun 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် 
သာယာဝတီမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jun 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့​သည်။                                                                      
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင်၂၀၂၂ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်ခန့်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ ဇွန်လ ၈ ရက်နေ့အထိ ကျောင်းသား/သူပေါင်း (၁၈၂၄) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးစီး
Jun 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၀) ရှိပြီး ကျောင်းသားဦးရေ (၁၂၀၀၀) ကျော် တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။ ကျောင်းသူ/ ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးဒေသအတွင်း တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိသည်။
သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
Jun 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စာရေးဆရာအသင်း၏ မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရေးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုး​ပေးနိုင်ခဲ့
Jun 09,2022
နိုင်ငံတစ်ဝှမ်းလုံး ကာကွယ်​ဆေးထိုးမှုများ လွှမ်းခြုံနိုင်​ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ် - ၁၉​ ​ရောဂါကာကွယ်​ဆေး ( Sinopharm)ကို ဇွန်လ (၂) ရက်​နေ့မှ စတင်ထိုးနှံ​ပေးလျက်ရှိရာ ယမန်​နေ့ ည​နေပိုင်းထိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အ​ခြေခံပညာကျောင်းသား၊ ကျောင်းသူ (၂၀၃၀၉) ဦးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုး​ပေးနိုင်ခဲ့​ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်