သတင်းများ

အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲ ဆောင်ရွက်
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မဲကုန်းရပ်ကွက်၊ မိုဃ်းကောင်းဘုရားဝင်းရှိဓမ္မာရုံ၌ အသိပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jun 10,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်းစွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဇွန် ၁၀ရက်၊ ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jun 10,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်၊ ၈၅ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား တွင် ယနေ့နံနက် ၂ နာရီ ၅၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းလှ၌ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စာရေးဆရာအသင်း၏ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုရရှိသော လက်ပံတန်းမြို့နယ် U-19 လူငယ်ဘေားလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jun 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ပဲခူးမြို့ဟံသာဝတီ ယူနိုက်တက်ဘောလုံးကွင်း၌ ဇွန် ၈ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲစဉ်တွင် လက်ပံတန်းမြို့နယ် အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လက်ပံတန်းမြို့နယ်အသင်းက ဝေါမြို့နယ်အသင်းအား (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ် (၁၀) သိန်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန် ပျိုးပင်များ ဆက်လက်ပျိုးထောင်
Jun 10,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ယခုနှစ်မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ ဂေဟစနစ်မပျက်စီးစေရန်၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအနေဖြင့် သစ်ပင်၊ ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၁၂၈၂၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
 ဝေါမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၍ ပြိုလဲခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့​ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မိုးနက်ကျေးရွာအုပ်စု၊ မဝါတဲစုကျေးရွာတွင် ဇွန် ၈ ရက်နေ့၊ ည ၁၀ နာရီခန့်နှင့် ကမာကဘန်ကျေးရွာအုပ်စုအတွင်းရှိ ကမာကဘန်ကျေးရွာ၊ လေးအိမ်စု ကျေးရွာတို့တွင် ယမန်နေ့နံနက် ၉ နာရီခွဲတို့၌ လေဆင်နှာမောင်း တိုက်ခတ်မှု