ကွန်ဟိန်းမြို့၌ အသက်(၅)နှစ်မှ အသက်(၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကွန်ဟိန်း ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့၌  အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က  အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသား/ ကျောင်းသူများအား ထိုးနှံပေးခဲ့ပြီး နောက်ဆက်တွဲ လက္ခဏာများ ရှိ/မရှိ နာရီဝက် စောင့်ကြည့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ  ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများမှ စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)