ကဝ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့ နံနက်(၉)နာရီက ထုတ်ချေးပေးလျက်ရှိရာ ကဝမြို့ အမှတ်(၅) ရုံးကြီးရပ်ကွက်နှင့် အမှတ်(၆) ခမေလေးရပ်ကွက်တို့မှ တောင်သူ(၁၆၇)ဦးတို့ လာရောက်ထုတ်ချေးကြကြောင်းသည်။
ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် တောင်သူ(၅၁၃)ဦး၏ လယ်ဧက(၃၃၄၄)ဧကအတွက် ချေးငွေစုစုပေါင်းကျပ် (၅၀၁၆၀၀၀၀၀)ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)