ကျောက်ဖြူမြို့တွင် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကျောက်ဖြူ   ဇွန်  ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို နံနက်ပိုင်းကစတင်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား အဆိုပါကျောင်းများရှိ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံခြင်းမပြုမီ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျဆရာ၊ ဆရာမများမှ ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ဆေးအား ထိုးနှံပေးခြင်းဖြစ်ကာ ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ဆေးထိုးနှံမှုပြီးပါက သတ်မှတ်နေရာများတွင် မိနစ် (၃၀)ခန့ စောင့်ကြည့်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန် ထမ်းများက အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်း သား၊ ကျောင်းသူ(၃၆၉၁)ဦးအား အဆိုပါကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ဘုန်းတော်ကြီးသင်မူလွန်ကျောင်း ဗောဓိသိပ္ပံကျောင်းတိုက်၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပရဟိတကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတိုက်၊ ရတနာမွန်ကျောင်းတိုက် စသည့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း