ကျိုက်ထို ဇွန် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ
ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယနေ့ နံနက်(၉)နာရီတွင် ဖက္ကလိပ်ကျေးရွာ အောင်ဆန်းရပ်ကွက်များရှိ နေအိမ်များသို့ အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအားရှင်းလင်းခြင်း၊ ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့်အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်းမော် (ကျိုက်ထို)