နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်() ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်တို့က ဂေဟစနစ်ပျက်စီးမှု၊ ရေထု၊ မြေထု၊ လေထုညစ်ညမ်းလာမှု၊ စွန့်ပစ်အမှိုက်များနှင့်ပလတ်စတစ်ဆိုးကျိုး၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် အိုဇုန်းလွှာပျက်စီးမှု၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာတို့ကို  အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 သူရအောင်(ပြန်/ဆက်)