သတင်းများ

ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄) မြို့နယ်အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄) မြို့နယ်အသက် (၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြောင်းမြမြို့နယ်၊ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
မြန်မာ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် M3 အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်း နယ်ပယ် အတိုင်းတာ သတ်မှတ်ခြင်းအဆင့် လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်း၊ M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း၏ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် လူထုတွေ့ဆုံဆွေးနွေးပွဲ (ပထမအကြိမ်)ကို ယနေ့ နံနက်  (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအိမ်တွင်းမှု သင်တန်းပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအိမ်တွင်းမှု သင်တန်းကို ယနေ့ နေ့လယ်ပိုင်းပြုလုပ်ခဲ့သည်။
လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လပွတ္တာမြို့နယ် ရတနာဒီပ အားကစားကွင်း၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပသည်။
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
May 12,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု ဆိုင်းဘုတ်စိုက်ထူ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံတွင် ကျောင်းအပ်နှံရေး လှုပ်ရှားမှုဆိုင်းဘုတ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဝန်ထမ်းများ ပူးပေါင်းစိုက်ထူခဲ့သည်။