သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၁−၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာအစီရင်ခံစာနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာနှစ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲရေး ဆိုင်ရာ ရှင်းလင်းခြင်းသို့တက်ရောက်
May 12,2022
၂၀၂၁−၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သမဝါယမ၁၆ သင်းနှင့် စံပြကျေးရွာ ၃ ရွာသို့ Daedong လယ်ယာသုံး စက်ကရိယာ ၁၉ စီး တက်ရောက်ပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း ၁၉ သင်းသို့ Daedong လယ်ယာသုံးစက်ကရိယာ ၁၉ စီး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက သမဝါယမသင်တန်းကျောင်း (ပုသိမ်) ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ဒေသခံတိုင်းရင်းသူ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရေးအတွက် သဘာဝဆိုးဆေးနည်းပညာသင်တန်းဖွင့်
May 12,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ဒေသခံတိုင်းရင်းသူအမျိုးသမီးများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးအတွက် သဘာဝဆိုးဆေးနည်းပညာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပန်တောကြီးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၉၄၆)၊ ဦးပိုင်အမှတ် (၅၃/၂) တောင်သူဦးကြည်ဝင်း၏ လယ်ယာမြေ(၁၀)ဧကတွင်  ပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ် အဆင့်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွေသွေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)၌ ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က (ရွှေသောင်ယံ) စာသင် ကျောင်းတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းဆိုင်းဘုတ်နှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ငပု​တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း (Mask) တပ်ဆင်​ရေး Mask Campaign ပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ငပုတောမြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်​သော ​​မြို့မစျေး၊ ရှုခင်းသာ ကားဂိတ်နှင့် မြို့(အဝင်/အထွက်) ကြိုဆိုပါ၏ စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပသည်။