သတင်းများ

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပြိုကျပျက်စီး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှု ကြောင့် ဦးမင်းမင်ဦး နေအိမ် သွပ်မိုး၊ ဝါးခင်း၊ ဓနိကာ (၁၅'×၁၀'×၁၈') ပြိုကျပျက်စီးခဲ့သည်။
ကံမမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့်  Face to Face  ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face  ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်းဆင့် ဆရာ၊ ဆရာမများ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက  စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 12,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတူ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ကလိန်အောင်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးတွ‌င်းကာလ၌ ဖြစ်ပေါ် လေ့ရှိသော လေပြင်းမုန်တိုင်းအန္တရာယ် ရေကြီးရေလျံခြင်း အန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိစေရန်အတွက် အသိပညာပေး‌ ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယနေ့  နံနက် ၁ဝ နာရီခန့်က ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ကျွန်းလှ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၃) တောင်သူ၊ ဦးရာစိန်၏ လယ်မြေ (၂) ဧကတွင် ယနေ့ နံနက် ၇ နာရီက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲကျင်းပကြောင်း သိရသည်။
ကွမ်းလုံမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က တပ်မတော်သားများနှင့် မိသားစုဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူ ပြည်သားများ စုပေါင်းကာ ကွမ်းလုံမြို့အဝင်မုခ်ဦးမှစတင်၍ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်းညောင်ကျေးရွာအထိ ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့တွင် မြို့သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့တွင် မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီ က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။