သတင်းများ

ဒေးဒရဲမြို့၌ မိုးစပါးအထွက်တိုးတက်​ရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပို့ချ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများ အထွက်နှုန်းတိုးတက်စေရေးအတွက် နည်းပညာများ ဖြန့်ဝေပို့ချခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ(၄)နာရီက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၄)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့က ဥပဒေရေးရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့၊ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင် စိုက်ပျိုးပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ပြုလုပ်ရာ အကျယ်အဝန်းမြေတစ်ဧက၌ မန်ဂျန်ရှားအပင်(၅၄၀)ကို ပုသိမ်မြို့နယ်ရှိ ဌာနဆိုင်ရာများ အစုံအညီဖြင့် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ဓနုဖြူမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်း ခြင်းများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မြောင်းမြတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပ သည်။
မြောင်းမြတွင် Mobile Library စနစ်ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများသို့ သွား‌ရောက်ငှားရမ်းပေးခဲ့သည်။