သတင်းများ

သာပေါင်းမြို့နယ်သို့ စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး မိသားစုတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သီရိဇေယျာလမ်း၊ ပတ္တမြားရိပ်သာ၊ ခန္ဓာဉာဏ်ရောက် ဝိပဿနာဓမ္မာရုံတွင် စစ်‌ဘေးတိမ်းရှောင် ခိုလှုံနေကြသော တိုင်းရင်းသား ပလောင်လူမျိုး မိသားစုတို့ကို မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ထိုးနှံပေးလျက်ရှိသည်။
ဖားကန့်မြို့နယ် ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်စေရေး ချောင်းရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာမြေအတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် မတ်လ(၉)‌ရက်နေ့မှ စတင်၍ ချောင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ 
ကြံခင်းမြို့၌ အခြေခံပညာ အထက်တန်းဆင့် (Grade-11) သင်ရိုးသစ် (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ်၌ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် (မြို့နယ်အဆင့်) သင်တန်းကို မေ ၂၁ ရက်နေ့ နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ (အ. ထ. က-၁) အောင်ကျော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မြောင်းမြမြို့တွင် စနစ်သစ် Grade-11 မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း များတွင် သင်ကြားပို့ချနေသည့် စနစ်သစ် Grade-11 မြို့နယ်အဆင့် သင်တန်းကို မြောင်းမြမြို့ အ.ထ.က(၆)ကျောင်း၌ မေ ၂၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိ ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ပန်းတနော်မြို့နယ်ရှိ ကျောင်းဆောင်သစ် (၃) ဆောင်ဖွင့်ပွဲသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်
May 12,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များသည် မေ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်က ပန်းတနော် မြို့နယ် အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဒေါင့်ကြီးကွက်သစ် အခြေခံပညာမူလတန်းကျောင်း၊ အစုကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း‌ ဖွင့်လှစ်ပို့ချ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းအုပ်များ၊ လက်ထောက် ဆရာ၊ ဆရာမတို့ကို မြို့နယ်အဆင့် သင်ရိုးသစ်(Grade-11) ဆင့်ပွားသင်တန်းကို‌ မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က စတင်၍ သာပေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း သော်ကဆောင်ခန်းမ၌ ဖွင့်ပွဲကျင်းပ ဖွင့်လှစ်ပေးခဲ့သည်။
ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုရှိ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုရှိ  ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မေ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းစုကျေးရွာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးကမ်းထိန်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။