သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show) ကျင်းပပြုလုပ် 
May 14,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show)ကို  ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်သည်။
နမ္မတူမြို့နယ်၌ အခြေခံပညာကျောင်အုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် 
May 14,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ
May 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကဆုန်ညောင်ရေသွန်း ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပရာ ယနေ့ ကဆုန်လပြည့်နေ့ မေလ ၁၄ရက်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် ပရဝုဒ်အတွင်းရှိ ဗုဒ္ဓဂါယာမှ ပင့်ဆောင်ခဲ့သည့် ဗောဓိပင်အား ခရိုင်နှင့် မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့နေ ဗုဒ္ဓဘာသာဝင် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ပြုလုပ်ကျင်းပ
May 14,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်တော်မူဘုရားကုန်း ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပင့်သံဃာတော် (၁၀၈)ပါးအား အာရုံဆွမ်း/ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္တုများ စုပေါင်းလောင်းလှူပွဲ ကျင်းပ
May 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၆)နာရီက သီရိသာသနာ့ဓမ္မာရုံတွင် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်းတိုက်ဆရာတော် အမှူးပြုသည့် ပင့်သံဃာ (၁၁)ပါးနှင့် မြို့နယ်အတွင်းရှိ စာသင်တိုက် (၁၄)တိုက်မှ သံဃာတော် (၉၇)ပါး စုစုပေါင်း သံဃာတော် (၁၀၈)ပါးတို့အား အာရုံဆွမ်း/ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္တုများ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ညောင်ရေသွန်းပွဲတော်ပြုလုပ်
May 14,2022
၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ညောင်ရေသွန်းပွဲတော်ကို နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာ
May 14,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေနံနက် ၈ နာရီခွဲ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-မင်းလှ ကားလမ်းဘေးရှိ မြန်မာမြေ စွမ်းအားမြှင့် အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလာခဲ့ကြောင်း သိရသည်။