သတင်းများ

ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင် စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင်စာပေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ငပုတောမြို့တောင်ပိုင်း ရပ်ကွက်၊ မေတ္တာလမ်းရှိ အသင်းတော်ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အင်္ဂပူမြို့အခြေခံပညာ အထက်တန်းကျောင်း ငု‌ရွှေဝါခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။  
မိုးကောင်းမြို့၌ ခရီးသွားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ယူဆောင်သွားလာ ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး
May 12,2022
ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ယူဆောင်သွားလာခြင်းရှိ/မရှိကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြို့တော်ခန်းမရှေ့၌ ယမန်နေ့ နေ့လယ် (၁)နာရီတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး
May 12,2022
ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားကာ အလုပ်အကိုင်အခွင့် အလမ်းနှင့် နည်းပညာများ ရရှိလာကာ ဆင်းရဲနွမ်းပါးမှု လျော့ကျလာပြီး မြစိမ်းရောင်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယမန်နေ့များမှ စတင်ကာ ပုသိမ်မြို့နယ်များတွင် စီမံကိန်းစက်ဝန်း စတုတ္တအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၇)လုံးပြောင်းရွှေ့
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ ယနေ့ နံနက်(၁၀)နာရီခန့်က ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် (၁၇)လုံးအား အချိန်မီ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ပုသိမ်မြို့၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝန်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။
မအူပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၁၉၃)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်‌ဆောင်ရွက်ပေး
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း (၁၉၃)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။