ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၇)လုံးပြောင်းရွှေ့
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ ယနေ့ နံနက်(၁၀)နာရီခန့်က ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် (၁၇)လုံးအား အချိန်မီ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။