ကျောက်ဆည်မြို့နယ်တွင် နှမ်းပေါ်ချိန်၌ ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးလျက်ရှိရာ နှမ်းပေါ်ချိန်၌ ဈေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည် မြို့နယ်အနေဖြင့် ဒေသနှင့်ကိုညီသည့် ဆင်းရတနာ(၄)မျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများစိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးနိုင်ကြောင်းနှင့် သိပ္ပံနည်းကျဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပါက အပင်သားခွဲရာတွင် လွယ်ကူခြင်း၊ ပေါင်းရှင်းရာတွင် မြန်ဆန်ခြင်း၊ ရေလိုအပ်ပါကထိန်းညှိသွင်းပေးနိုင်ခြင်းများ ပြုလုပ်နိုင်သဖြင့် ပိုမိုဖြစ်ထွန်းကြောင်းနှင့် နှမ်းသီးနှံတစ်တင်းလျင် ငွေကျပ်(၅)သောင်းမှ (၅)သောင်းခွဲကျပ် ရောင်းချရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပွတ္တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်မြင့်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် နှမ်းသီးနှံများကို လက်ပန်ဇင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၈၂၁)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၁၄၀၄)ဧက၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံကျေးရွာအုပ်စုများတွင်(၂၅၆၁)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၂၇၆၇)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ကျေးရွာအုပ်စုများတွင် (၄၇၂၁)ဧက၊ ရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၁၆၈၀)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၃၉၉၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင် (၃၀၀၀)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၁၇၀၀)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်းကျေးရွာအုပ်စုများတွင်  (၂၄၃၃)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၃၉၅၉)ဧက စုစုပေါင်း (၃၀၈၈၃)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်