တနင်္သာရီ ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများသိသင့်သိထိုက်သည့် အသိပညာပေးအစီ အစဉ်ကောင်းများကို Online မှတစ်ဆင့် Talk Show အစီအစဉ်ဖြင့် အပတ်စဉ်တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က တနင်္သာရီမြို့ နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)အတွင်း မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးထိန်ဝင်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက်ယနေ့ပြုလုပ်သည့် မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် အသိပညာပေး Talk Show အစီအစဉ်တွင်တနင်္သာရီမြို့နယ်ရဲတပ် ဖွဲ့မှူးရဲမှူးနေဝင်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ကျန်းမာရေး/လူမှုရေးပိုင်း/စီးပွားရေးဆိုင်ရာထိခိုက်မှုများ၊ ဦးဏှောက်နှင့် အာရုံကြောအဖွဲ့အစည်းများ ထိခိုက်မှုများနှင့် စွဲလန်းမှုဖြစ်စေသောအကြောင်းအရာများ၊စိတ်ကြွဆေးပြား၏ အဓိပ္ပါယ်နှင့် ဆိုးကျိုးများ၊ နောက် ဆက်တွဲအမျိုးမျိုးသော ဆိုးကျိုးများ၊ ဥပဒေအရအရေးယူခြင်းခံရမည့် ပြစ်မှုပြစ်ဒဏ်များ စသဖြင့်ပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းကျိုးမပေးသော မူး ယစ်ဆေးမှ ကြိုတင်ရှောင်ကြဉ်ဖွယ်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှူး၏ အသိပညာပေး Talk Show ဆွေးနွေးပေးမှုများကို စာကြည့်တိုက်သို့ အချိန်ပေး၍ ကိုယ်တိုင်မလာရောက်နိုင်သော ကျောင်းသား /သူများ၊ စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် Online မှတစ်ဆင့် အချိန်မရွေး လေ့လာကြည့်ရှုနိုင်အောင် တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Tanintharyi Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)