ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပြုလုပ်ခဲ့သည်။