မုံရွာ ဇူလိုင် ၁
၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အစီအစဉ်အရ ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြို Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြန်မာအမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိစေရေး၊ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူမှူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ရှင်းလင်းပြောကြားခဲ့ပါသည် ။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူး၍ We Love Monywa Facebook page ကတစ်ဆင့် ထုတ်လွှင့်တင်ဆက်လျက်ရှိပြီး ပြည်သူများအတွက်Online ကတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင် ပြန်/ဆက်