သတင်းများ

မတ္တရာမြို့နယ် အ.ထ.က(၁)တွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကျင်းပ
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် မြန်မာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍  တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်၊ မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသူ လေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းတည့်(၁၂:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် အကြို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်  စာရေးဆရာမ မြမဥ္ဇူနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 01,2022
 မိုးတွင်းကာလတွင် အဖြစ်များတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ခြင်မှဖြစ်ပွားတတ်‌သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်းရှိ(၅၁)ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများမှ   ကျောင်းသားသူ(၂၉၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ကွင်းဆင်းထိုးနှံ
Jul 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့‌နံနက်(၉)နာရီက အဆိုပါကျောင်းများ၌ ကွင်းဆင်းထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ကျင်းပ
Jul 01,2022
မန္တလေးတိုင်ဒေးသကြီး၊မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများကို ယ‌နေ့မွန်းလွဲ(၁) နာရီခွဲအချိန်က မန္တလေးတက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ‌ခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ တိုးချဲ့စိုက်ပျိုးခဲ့သော လယ်ယာမြေများသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ၇) များ တောင်သူများလက်ဝယ်သို့ ပေးအပ်
Jul 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရေငံကျေးရွာအုပ်စု၊ ရေငံကျေးရွာ၊ ရွာဦးရတနာဗိမ္မာန် ဘုန်းတော်ကြီးကျောင်းတိုက်၌ တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ ၇) များပေးအပ်ခဲ့ကြောင်း သိရှိရသည်။