သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်
Jul 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဖွင့်ပွဲအား တက်ရောက်
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့် တိုးမြှင့်သည့် ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာပေါင်းမြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များမှ ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီ သစ်ပင်များ စိုက်ပျိုး
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် (ကညင်ချောင်း) ကျောင်းဝန်း အတွင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များမှ ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီသစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
မုဒုံမြို့နယ်ရှိ ကျေးရွာ ငါးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်
Jul 01,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာပေါင်း ငါးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
သာ​ကေတမြို့နယ်ဂီတ အစည်းအရုံးတာ၀န်​ပေးအပ်ပွဲနှင့် မြန်မာ့ဂီတ​နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 01,2022
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အသစ်ထပ်မံဖွဲ့စည်း​ပေးထားသည့် သာ​ကေတမြို့နယ် ဂီတအစည်းအရုံးအလုပ်အမှု​ဆောင်အဖွဲ့၀င်များအား လုပ်ငန်းတာ၀န်အပ်နှင်းခြင်းနှင့် ဇွန်(၂၇)ရက်​နေ့တွင် ကျ​ရောက်ခဲ့သည့်မြန်မာဂီတ​နေ့ အထိမ်းအမှတ် အခမ်းအနားကို ယ​နေ့​ နေလယ် (၁၂) နာရီအချိန်၌ နယူးလိုက်တာခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် အမှု​​ဆောင်များ ဂီတအနုပညာရှင်များနှင့် ဖိတ်ကြားထား​သော ဧည့်သည်​တော်များ တက်​ရောက်ခဲ့ကြသည်။
မိတ္ထီလာ၌ မြန်မာအမျိုးသမီးများနေ့ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 01,2022
မိတ္ထီလာ၌ ၂ဝ၂၂ ခုနှစ်မြန်မာအမျိုးသမီးများနေ့လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ပေါက်ချောင်းရပ်ကွက်တွင်ရှိသော ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jul 01,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို  ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌  ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ)ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပပြီးစီး
Jul 01,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အပတ်စဉ်(ဝိဇ္ဇာ/သိပ္ပံ) ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲကို ဇွန်လ ၁ရက်မှစတင်ကျင်းပခဲ့ရာ ယနေ့တွင် စာတမ်းများအားလုံးဖတ်ကြား ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။