သိန္နီ ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဂျီအီးစီ (ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမီတက်၏ (၂၀၂၀-၂၀၂၁) နှင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းလီမိတက်၏ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂျီအီးစီ (ပညာရေး) ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ (၂၀၂၀-၂၀၂၁)နှင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်၏ အရှုံးအမြတ်စာရင်း၊ လက်ကျန် ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းများကို ဖတ်ကြား၍ ရှင်းလင်းတင်ပြခဲ့ရာ အသင်းသူ၊ အသင်းသားများအားလုံးက အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သိန္နီမြို့နယ် ဂျီအီးစီ (ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမီတက်၏ ဥက္ကဋ္ဌက အမှုဆောင်ဒါရိုက်တာအဖွဲ့ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ အသင်း၏ ကြိုတင်ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အမည်စာရင်းများကို ဖတ်ကြားပေးကာ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူပြီး ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)