တာမွေမြို့နယ်တွင် “အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်

တာမွေ ဇူလိုင် ၁

၂၀၂၂ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) အဖြစ် “အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။

အဆိုပါ “အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပျဉ်စီမှ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းလမ်းကောင်းများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ စသည်တို့နှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး Talk Show အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)