ချောင်းဆုံ ဇူလိုင် ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်(ပြန်/ဆက်)လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် စားသုံးသူရေးရာဦးစီးဌာန ချောင်းဆုံမြို့နယ် တာဝန်ခံ ဦးပြည့်ဖြိုးဝေတို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက်(၄)ရပ်အကြောင်း၊ စားသုံးသူနှင့်ပတ်သက်ပြိး ပြဌာန်းထားသည့် ဥပဒေ၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ရရှိသည့် အကျိုးကျေးဇူးများ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ်သားနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)