တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် မြန်မာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍  တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်၊ မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသူ လေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းတည့်(၁၂:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် အကြို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာ‌သော ကျောင်းသူ‌လေးများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏   ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ‌ တင်နိုင်တိုးရေးသားသော ပါလီမာန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများစာအုပ်အား ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိသတ်‌ ကျောင်းသူလေးများ၊ အလယ်တန်းအဆင့် ကျောင်းသူ‌လေးများနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့‌ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း