သတင်းများ

ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စု၌ မိုးစပါးရာသီချိန် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာ အုပ်စု၊ ဒေါင့်ကြီးကျေးရွာ၊ တောင်သူဦးကျော်လွင်၏ ကွင်းအမှတ်(၉၀၅-AN)၊ ဦးပိုင်အမှတ်(၄၄)ရှိ မိုးစပါးစိုက်လယ်မြေ၌ ယနေ့ မွန်းလွဲပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 01,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲအား ကချင်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆွေး​နွေးပွဲ Talk Show ပြုလုပ်
Jul 01,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ဇူလိုင်(၃)ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့နေ့လည် ၁ နာရီအချိန်က ဒဂုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပွဲတော်ကို အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
Jul 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့်စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် လက်ဝယ် အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီက  အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် ရိုက်ကူး တင်ဆက်
Jul 01,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုး သမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ရိုက်ကူး တင်ဆက်ခဲ့ကြောင်း သိရသည်။