မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင်  ၁

မန္တလေးတိုင်ဒေးသကြီး၊မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများကို ယ‌နေ့မွန်းလွဲ(၁) နာရီခွဲအချိန်က မန္တလေးတက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ‌ခဲ့ကြောင်းသိရသည်။

အဆိုပါ အားကစားပွဲကို ကျင်းပလျက်ရှိရာ ၂၅-၆-၂၀၂၂ရက်နေ့နှင့်၂၆-၆-၂၀၂၂ရက်‌ ယနေ့နံနက်ပိုင်းတွင် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ နေ့လည်ပိုင်းတွင် ပိုက်ကျော်ခြင်းပြိုင်များ ကျင်းပ‌ပေးခဲ့ပြီးဖြစ်ရာ ၂၉-၆-၂၀၂၂ရက်နေ့မှ   ၁-၇-၂၀၂၂ရက်နေ့အထိ အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပ‌‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်းသူ/သားများမှ အပြိုင်အဆိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရအားကစားသမားများအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒု-ပါ‌မောက္ခချုပ်၊ပါ‌မောက္ခဌာနမှူးများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ဒု-ပါ‌မောက္ခချုပ်၊ ပါ‌မောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ တက္ကသိုလ်‌ ‌‌ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း