ဒဂုံမြောက် ဇူလိုင် ၁
မိုးတွင်းကာလတွင် အဖြစ်များတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ခြင်မှဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်းရှိ(၅၁)ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပရဟိတများမှ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်တာဝန်ရှိသူတစ်ဦးမှလည်း “သွေးလွန်တုပ်တွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်တဲ့ရောဂါများကင်းဝေးဖို့ ရပ်ရွာအုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး ပြည်သူ လူထုနှင့်ပူးပေါင်းကာ မိမိ ပတ်ဝန်းကျင်မှာ မိုးရွာလါပါက ရေတင်ကျန်နိုင်တဲ့ ပစ္စည်းများဖြစ်တဲ့ ခွက်၊ ဘူး တာယာ စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပေးရမှာဖြစ်ပါတယ်။ မိမိအိမ်ပတ်ဝန်းကျင်ကိုလည်း ခြင်များမခိုအောင်နိုင်အောင် ရှင်းလင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အိမ်ရှင်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်၊ ဒါမှဒီရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
မြင့်မြင့်ရီ