တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ(Talk Show)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူ‌ဝေမှ ယနေ့လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး‌စေရန်၊ စာတတ်သူတိုင်းစာဖတ်ရေး ၊စာပေအသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး မှန်ကန်‌ ကောင်းမွန်သောလမ်းများပေါ် လျှောက်လှမ်းနိုင်ရန်၊ စာ‌ပေ‌များမှမှန်ကန်‌သော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိစေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး လူငယ်များစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           

ခင်ဆွေနှင်း