မြောက်ဥက္ကလာပ ဇူလိုင် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းများ၌ ကွင်းဆင်းထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ဆရာ၊ဆရာမများနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ပညာသင်ကြားနေသော ကျောင်း သား၊ ကျောင်းသူအသက် ၅ နှစ်မှ ၁၂ နှစ်ရှိသူ အမက(၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၇၄)ဦး၊ အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၂၅)ဦးအား စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၉၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အဆိုပါကျောင်းများ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ အပူချိန် တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇)ကျောင်းအခြေခံပညာမူလတန်းကျောင်း (၄၀)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁၁)ကျောင်း၊ ပုဂ္ဂလိက ပညာရေးကျောင်း(၁၀)ကျောင်းရှိ စုစုပေါင်းကျောင်းပေါင်း (၈၄)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး