မောက်မယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အတွင်းရေများဝင်ရောက်

မောက်မယ်   ဇူလိုင်   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့ညကမိုးသည်းထန်စွာတစ် ညလုံးရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေ တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်း၄နာရီခန့်က ရေများဝင်ရောက်ကြောင်း သိရ သည်။

ထိုသို့ ရေကြီးရေလျှံမှုတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာ လူနှင့်တိရိစ္ဆာန်များ ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများမရှိကြောင်း လူနေအိမ်၊ လမ်းများ၊ တံတားများ ပျက်စီးဆုံးရှုံးမှုများမရှိကြောင်း ယနေ့နံနက်(၁၀)ခန့်တွင် ရေများပြန်လည်ကျသွားခဲ့ ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)