ချမ်းမြသာစည် ဇူလိုင် ၂
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် အဖြစ် သမဝါယမအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ သည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ချမ်းမြသာစည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် သမဝါယမ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သမဝါယမ၏ ပြည်သူအပေါ် ၀န်ဆောင်မှု ပေးနေသည့် လုပ်ငန်းစဉ်များ၊ သမဝါယမ အသင်းခွဲများ ဖွဲ့စည်းလိုပါက လိုအပ်သည့် အချက်အလက်များ စသည်ဖြင့် ပြည်သူလူထု သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေး (Talk Show) အစီအစဉ်များကို ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်စိမ်း၀င်း